Profile


      

ပိုင်ဘရားသားအင်တာနေရှင်နယ်ရောင်းဝယ်ရေးကုမ္ပဏီသည် ၁၉၈၈ ခုနှစ်ကပင်စတင်တည်ထောင်ခဲ့သောကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ဖြန့်ဖြူးရောင်းချရာ၌ နာမည်ကျော်လူသိများသောကုမ္ပဏီများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ အမျိုးအမည်ပေါင်းရာဖြင့်ချီသည ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကိုHanmaတံဆိပ်အမှတ်အသားဖြင့် ဆေးဝါးဆိုင်ရာဈေးကွက်တွင် အရောင်းရအတွင်ကျယ်ဆုံး ဖြစ်လျက နာမည်ကောင်း၊ ဂုဏ်သတင်းထွက်သည့် ကုမ္ပဏီလည်းဖြစ်ပါသည်။
ကျွန်တော်များကုမ္ပဏီကိုစတင်ဖွဲ့စည်းချိန်မှစ၍ ကုမ္ပဏီ၏ငွေကြေးတောင့်တင်းခိုင်မာမှု၊ ကုန်ပစ္စည်းအရည်အသွေးအစဉ်ကောင်းမွန်စေရန် ထိန်းသိမ်းကြီးကြပ်ခါ မူဝါဒချမှတ်လျက် လမ်းညွှန်မှုကြောင့် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများဈေးကွက်တွင် ရောင်းချရမှု ၊ကောင်းသတင်းကျော်ဇောမှုမှာစဉ်ဆက်မပြတ် တိုးတက်လျက်ရှိပါသည်။ ထိုမျှမက ဆေးဝါးများမှတ်ပုံတင်ခြင်းကိစ္စ၊ စစ်ဆေးခြင်း၊ အကောက်ခွန်ဆိုင်ရာပစ္စည်းရှင်းလင်းရွေးယူခြင်း၊ပစ္စည်းသိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စသည့်လုပ်ငန်းများကိုစည်းကမ်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိသည့်အပြင်၊ ရောင်းချပြီးပစ္စည်းများကိုလိုအပ်ချက်အတိုင်းပံ့ပိုးဆောင်ရွက်ပေးခြင်းစသည့် ၀န်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီစဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျွန်တော်များကုမ္ပဏီအနေနှင့် ဆေးဝါးပစ္စည်းအမယ်ပေါင်း လေးရာကျော်နှင့် ဆေးပစ္စည်းကိရိယာအမယ်ပေါင်း နှစ်ရာကျော်ကို မြန်မာနိုင်ငံ ဆေးဝါးကွပ်ကဲရေးဌာန (FDA) Food and Drug Administration  တွင် မှတ်ပုံတင်တင်သွင်းပြီးဖြစ်ပါသည်။ ကျွန်တော်များကုမ္ပဏီအနေနှင့် Hanma, Hanako, Pai &Saiစသည့် တံဆိပ်အမှတ်အသားလေးမျိုးဖြင့် တင်သွင်းဖြန့်ဖြူးလျက်ရှိရာ၊ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူအားပေးနေကြလျက် ယုံကြည်စိတ်ချမှုအပြည့်အ၀ရရှိနေပါသည်။ ကျွန်တော်များကုမ္ပဏီအနေနှင့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင်းTransfusion ကုမ္ပဏီဖြစ်သောတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ SICHUAN KELUN PHARMACEUTICAL CO.,LTD နှင့် စိတ်အချရဆုံးနှင့် ကမ္ဘာ့ပထမတန်းအဆင့်စာရင်းဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ JIANGXI SANXIN MEDICAL CO.,LTD     တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အများဆုံး Injection ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည့် TIANJIN PHARMACEUTICAL GROUP XINZHENG CO., LTD အပါအ၀င်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံကျော်ကုမ္ပဏီများစွာနှင့်လည်းကောင်း၊ နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျွန်တော်များကုမ္ပဏီ၏ ဖြောင့်မတ်တည်ကြည်မှုကိုအခြားသော ရောင်းဝယ်ဖောက်ကားမှုနှင့်အပြန်အလှန် ပူပေါင်းဆောင်ရွက်မှုကိုအခြေခံလျက် မြန်မာ့ဈေးကွက်တွင်အပြည့်အ၀ ပူပေါင်းဆောင်ရွက်ကာစာမျက်နာသစ်ပူပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

Address:No. 114, 87th street, between (21×22) street, Mandalay, Myanmar.
TEL:02-72666 , 22777 , 21888 , 22999 , 68999 . 09-2078888
Copyright (c) 2013.paibrothers.com All rights reserved.